Dataset Viewer
Auto-converted to Parquet Duplicate
audio
audioduration (s)
4.1
9.14
transcription
stringlengths
23
131
avg_score
float64
-104.34
-28.84
chunk_index
int64
0
530
start_time
float64
0.71
3.52k
end_time
float64
7.07
3.52k
duration
float64
4.1
9.14
actor
stringclasses
1 value
gender
stringclasses
1 value
ဝင်လာသည့် ပုဂ္ဂိုလ်ကြီးမှာ အထက်တန်းကျကျ ဝတ်ဆင်ထားသည်။ အသက်အားဖြင့် လူလတ်ပိုင်း ဘဝကို ကျော်ဖြတ်လာခဲ့ပြီးသူ
-65.835
0
0.71
7.07
6.36
moe
female
တယောက်။ ဥပဓိရုပ် ကြည့်ရသည်မှာ စိတ် ကြည်လင်မှု မရှိ။ စိတ်တိုလွယ်မည့် ပုံ။
-43.9972
1
7.05
11.89
4.84
moe
female
အခန်းဝတွင် ရပ်ပြီး အတွင်းဘက်ကို စက်ဆုပ်ရွံရှာ စွာနှင့် မနှစ်မြို့စွာ ကြည့်နေသည်။ သူ့အတွင်းစိတ်ကို
-51.2853
2
12.99
19.19
6.2
moe
female
မျိုသိပ်ထားနိုင်စွမ်း မရှိတော့ဘဲ သူ့ မျက်လုံးများ က ‘ငါ ဘယ်လိုနေရာကို ရောက်လာတာပါလိမ့်'
-52.2889
3
19.27
25.41
6.14
moe
female
ဟု ပြောနေသည့် အလား။ မယုံကြည်စွာ၊ ထို့ထက် ဆိုရလျှင် အံ့ဩထိတ်လန့်စွာဖြင့် ရပ်စ်ကိုလ်နီကော့ဗ်၏
-51.0334
4
25.35
32.17
6.82
moe
female
ကြုတ်ထဲ ကျွဲသိပ် ဘဝကို ပါးစပ် အဟောင်းသားဖြင့် ငေးကြည့်နေသည်။ ရေမချိုး၊ မုတ်ဆိတ်မရိတ်၊
-50.3143
5
32.51
38.83
6.32
moe
female
အဝတ်မလဲဘဲ ဆိုဖာစုတ်ကြီးပေါ်လျောင်းနေသော ရပ်စ်ကိုလ်နီကော့ဗ်ကို သူ စိုက်ကြည့် နေသည်။
-73.8168
6
39.03
45.53
6.5
moe
female
လူမမာကလည်း သူ့ကို မလှုပ်မယှက် စိန်းစိန်းပြန်ကြည့်နေသည်။ လူစိမ်းက တဆက်တည်းတွင် ခေါင်းမဖြီး၊
-71.461
7
45.51
51.91
6.4
moe
female
မုတ်ဆိတ် မလှီးဘဲ ကလန်ကလားနှင့် ရာဇူမီခင်ကို လှမ်း ကြည့်သည်။ သူကလည်း လူစိမ်းကို ထိုင်လျက်က
-49.1369
8
51.87
58.59
6.72
moe
female
စားတော့ဝါးတော့မတတ် ပြန်ကြည့်နေသည်။ အခန်းထဲတွင် တမိနစ်ခန့် တင်းမာစွာ ငြိမ်သက်နေသည်။
-73.4503
9
58.53
64.03
5.5
moe
female
ခဏနေမှ တင်းမာမှု လျော့ကျသွားသည်။ ဧည့်သည်သည် သူ့အခြေအနေနှင့် အခန်းတွင်းမှ အခြေအနေကို
-65.8657
10
64.83
71.31
6.48
moe
female
ရိပ်မိသွားသည့်အလား။ ပါးပျဉ်းချကာ ဇိုစီမော့ဗ်ဘက် လှည့်၍ ယဉ်ကျေးစွာဖြင့် -
-57.1394
11
71.25
76.81
5.56
moe
female
“တက္ကသိုလ်ကျောင်းသား မစ္စတာရိုဒီယွန် ရပ်စ်ကိုလ်နီကော့ဗ်ပါလား ခင်ဗျာ” ဟု မေးလိုက်သည်။
-60.0845
12
78.39
83.13
4.74
moe
female
ဇိုစီမော့ဗ်က ခပ်ဖြည်းဖြည်း လှုပ်ရှားလာသည်။ သူ မဖြေမီ ရာဇူမီခင်က ဘုတော သည့် လေသံဖြင့်-
-54.5553
13
84.43
90.23
5.8
moe
female
“ဟိုမှာ၊ ဆိုဖာပေါ်မှာ လှဲနေတာ သူပဲ။ ခင်ဗျား ဘာလိုချင်လို့လဲ၊ ဘာကိစ္စလဲ” ဘာလိုချင်လို့လဲ၊
-64.3122
14
91.43
98.09
6.66
moe
female
ဘာကိစ္စလဲ ဆိုသည့် စကားလုံးများကြောင့် ဝတ်ကောင်းစားလှ နှင့် လူကြီးမင်း အလွန်အမင်း ခံပြင်းသွားပုံရသည်။
-63.1089
15
98.03
104.97
6.94
moe
female
ရာဇူမီခင်ကို ရင်ဆိုင်မည် လုပ်ပြီးမှ စိတ်ကို ထိန်းလိုက်ဟန်ဖြင့် ဇိုစီမော့ဗ်ဘက် လှည့်လိုက်သည်။ ဆရာဝန်က
-73.8339
16
104.95
111.39
6.44
moe
female
ခေါင်းညိတ်ပြီး- “ဟုတ်တယ်လေ။ အဲဒါ ရပ်စ်ကိုလ်နီကော့ဗ်ပဲ’’ ပြောရင်း ပျင်းရိပျင်းတွဲ
-58.8015
17
111.33
117.85
6.52
moe
female
သမ်းလိုက်သည်။ ပါးစပ်ကို အသားကုန်ဟပြီး ဆက်ကာ ဆက်ကာ အကြာကြီး သမ်းနေသည်။ ပြီးမှ
-44.0616
18
117.79
123.91
6.12
moe
female
ကုတ်အင်္ကျီအိတ်ထဲမှ ရွှေနာရီကြီးကို အဖုံးဖွင့် ကြည့်သည်။ ပြီးတော့ ခပ်အေးအေး အိတ်ထဲ ပြန်ထည့်သည်။
-62.4691
19
123.89
130.93
7.04
moe
female
ရပ်စ်ကိုလ်နီကော့ဗ်က ဘာတခွန်းမှ မပြောဘဲ ထီမထင်သည့် ပုံဖြင့် လူစိမ်းကို စိုက်ကြည့်နေသည်။ ဘယ်သူ ဘယ်ဝါ
-67.9952
20
130.89
137.35
6.46
moe
female
သူ မမှန်းတတ်သေး။ ပန်းပွင့်ကလေးများမှ မျက်နှာ လွှဲလိုက်ပြီးသည့်အခါ သူ့မျက်နှာမှာ ပို၍ ဖြူရော်-လာသည်။
-69.0979
21
137.29
143.93
6.64
moe
female
ပို၍ လူမမာရုပ် ပေါက်လာသည်။ ခွဲစိတ်ပြီးခါစ လူနာတယောက်၏ မျက်နှာမျိုး။
-65.9336
22
143.87
149.39
5.52
moe
female
သုံ့ပန်းစခန်းမှ နှိပ်စက်ခံရပြီး ထွက်လာသည့် မျက်နှာမျိုး။ ဧည့်သည်လူကြီးသည် တဖြည်းဖြည်းနှင့်
-93.4127
23
149.95
156.33
6.38
moe
female
ပို၍ပို၍ သတိထား လာပြီး စိတ်ရှုပ်လာပုံရသည်။ သည်အခန်းထဲတွင် စိတ်ချရသည့်လူ တယောက်မျှ မရှိဟု
-64.3836
24
156.27
162.89
6.62
moe
female
ထင်လာသည်။ ပြီးတော့ ကြောက်စိတ်တွေ ဝင်လာသည်။ "အဲဒါ ရပ်စ်ကိုလ်နီကော့ဗ်ပဲ”
-61.3585
25
162.83
169.07
6.24
moe
female
ဟု ဇိုစီမော့ဗ် ပြောလိုက်ပြီးနောက် သူက ထထိုင်သည်။ ပြီးတော့ အားနည်းလွန်းသည့် အသံဖြင့်
-53.1724
26
169.73
175.99
6.26
moe
female
တုန်တုန်ယင်ယင် ပြောလိုက်သည်။ “ဟုတ်တယ်။ ကျွန်တော် ရပ်စ်ကိုလ်နီကော့ဗ်၊ ခင်ဗျား
-56.5961
27
175.93
182.93
7
moe
female
ဘာလိုချင်လို့လဲ” ဧည့်သည်က သူ့ကို သေသေချာချာ ကြည့်ပြီး ဟန်ပါပါ ပြောသည်။
-55.9366
28
182.87
190.45
7.58
moe
female
“ပျိုတာပီထရိုဗစ်ချ်လူဇင်။ အဲဒီနာမည်တော့ ကြားဖူးမယ် ထင်ပါတယ်” ရပ်စ်ကိုလ်နီကော့ဗ်က
-86.925
29
190.39
196.87
6.48
moe
female
လုံးဝ မျှော်လင့် မထားသော်လည်း အံ့ဩဟန် မပြ။ သူ့ကို အေးစက်စက် မျက်လုံးများဖြင့် ပြန်ကြည့်နေသည်။
-46.6443
30
196.81
203.39
6.58
moe
female
သည်နာမည်ကို ခုမှ ကြားဖူးသလို တုံဏှိဘာဝေ လုပ်နေသည်။ ပျိုတာပီထရိုဗစ်ချ်လူဇင် ဆိုသူက မသိမသာ
-70.0963
31
203.33
209.63
6.3
moe
female
မျက်မှောင်ကုတ်ပြီး မေးသည်။ “ခုချိန်အထိ သတင်း မကြားရသေးတာတော့ မဖြစ်နိုင်ဘူး။ တကယ် မကြားသေး တာလား”
-53.0477
32
209.57
215.45
5.88
moe
female
သူ့ကို တုံ့ပြန်သည့်အနေဖြင့် ရပ်စ်ကိုလ်နီကော့ဗ်က ပက်လက်လှန် ချလိုက်ပြီး မျက်နှာကြက်ကို မော့ကြည့်နေသည်။ လူဇင်၏မျက်နှာတွင်
-76.2222
33
216.65
223.79
7.14
moe
female
နာကြည်းခံပြင်းသည့် ဒေါသခိုး တွေ ဝေသွားသည်။ ဇိုစီမော့ဗ်နှင့် ရာဇူမီခင်တို့ နှစ်ယောက်က
-68.7569
34
223.73
230.07
6.34
moe
female
သူ့ကို သေသေချာချာ အကဲခတ် နေသည်။ နောက်ဆုံးတွင် ထိုလူကြီးသည် အလွန်အမင်း အောင့်သက်သက် ဖြစ်သွားပုံရပြီး
-60.8947
35
230.01
236.55
6.54
moe
female
အာလေး လျှာလေးဖြင့် ပြောသည်။ “ကျုပ် ထင်တယ်၊ အဲ… သေချာပါတယ်၊ စာပို့လိုက်တာ
-44.7616
36
236.49
243.31
6.82
moe
female
ဆယ်ရက်ကျော်ပြီပဲ။ တိတိကျကျ ပြောရရင် နှစ်ပတ်နီးပါးရှိပြီ’’ ရာဇူမီခင်က
-75.5445
37
243.25
249.87
6.62
moe
female
ကြားဖြတ်ပြီး- “ဒီမယ်၊ ခင်ဗျား ဘာလို့ တံခါးဝမှာ ပိတ်ရပ်နေတာလဲ။ ပြောစရာရှိရင် အထဲ ဝင်ထိုင်ပါလား။ နာတာရှာ ဝင်ဖို့
-57.3073
38
249.81
255.91
6.1
moe
female
ထွက်ဖို့ ရှိသေးတယ်လေ။ နာတာရှာ ဖယ်ပေးလိုက်။ ကဲ... ဝင်၊ ဟိုမှာ ကုလားထိုင် ရှိတယ်။ အခန်းကတော့ မြင်တဲ့ အတိုင်းပဲ”
-36.2621
39
255.85
261.59
5.74
moe
female
သူ ဝင်သာအောင် ရာဇူမီခင်က သူ့ကုလားထိုင်ကို နောက်ဆုတ်ပြီး ကိုယ်ကို ကျုံ့ပေးလိုက်သည်။ မငြင်းသာသဖြင့်
-72.915
40
262.49
268.95
6.46
moe
female
ဧည့်သည်လူကြီးက ခေါင်းငုံ့ဝင်လာပြီး ကုလားထိုင်တွင် ဝင်ထိုင်သည်။ ပြီးတော့ ရာဇူမီခင်ကို မသင်္ကာသည့် မျက်လုံးများဖြင့်
-88.6118
41
268.89
275.63
6.74
moe
female
ကြည့်နေသည်။ ရာဇူမီခင်က နိဒါန်း မပျိုးတော့ဘဲ လိုရင်းတိုရှင်း ပြောချလိုက်သည်။ “ခင်ဗျား
-77.003
42
275.65
282.95
7.3
moe
female
ဘာမှ ရှိုးတိုးရှန့်တန့် ဖြစ်မနေနဲ့။ ရော့ဒ်ယာ ဖျားနေတာ ငါးရက် ရှိပြီ။ သုံးရက်က လူမှန်းလူမှန်း မသိဘူး။ ဒီနေ့မှ အစားဝင်တာ။
-47.1134
43
282.89
289.95
7.06
moe
female
ဟောဒီမှာ ထိုင်နေတာက ဆရာဝန်။ ခုပဲ သူ စစ်ဆေးပြီးတယ်။ ကျွန်တော်က ရော့ဒ်ယာရဲ့ ကျောင်းနေဖက်သူငယ်ချင်း။
-56.2508
44
289.93
295.29
5.36
moe
female
လောလော ဆယ် သူ့ကို လာပြုစုနေတယ်။ ကဲ... ဒီတော့ ကျွန်တော်တို့ကို ထည့်မတွက်နဲ့၊ ပြောစရာ ရှိတာ ပြော။ ခင်ဗျား ဘာလိုချင်တာလဲ''
-50.9913
45
295.71
303.91
8.2
moe
female
“ကျေးဇူးတင်ပါတယ်။ နေမကောင်းတဲ့ လူကိုလာပြီး အနှောင့်အယှက် မပေးချင် ပါဘူး”
-61.8449
46
303.85
308.05
4.2
moe
female
“မဆိုင်ပါဘူး။ သူ့အတွက် အပြောင်းအလဲတောင် ဖြစ်နိုင်ပါသေးတယ်” ဇိုစီမော့ဗ်က နောက်တခါ သမ်းပြီး ပြောလိုက်သည်။
-66.4042
47
308.99
316.07
7.08
moe
female
ရာဇူမီခင်ကလည်း အခြေအနေကို ဝင်ထိန်းသည့်အနေဖြင့် ကြားဝင်လိုက်သည်။ သူက ဒါမျိုးတွေ ကျွမ်းသည်။ “ပြောစရာရှိတာ
-71.8173
48
316.01
323.79
7.78
moe
female
ပြောပါ။ သူ သတိရနေတာ ကြာပါပြီ။ မနက်ကတည်းက သူ ပြန်နေကောင်းနေပါပြီ’’
-56.8265
49
323.73
328.55
4.82
moe
female
သူ့ကို တက္ကသိုလ်ကျောင်းသားတယောက်မှန်း သိသွားတော့ လူဇင် စိတ်သက်သာ ရာ ရသွားသည်။ လူဇင် စကားစသည်။
-55.0513
50
329.15
335.33
6.18
moe
female
“ကိုရင့် မေမေက…” “ဘာ” ရာဇူမီခင်က အကျယ်ကြီး အော်ပြောလိုက်ခြင်း ဖြစ်သည်။
-48.3633
51
336.69
343.59
6.9
moe
female
လူဇင်က သူ့ကို နားမလည် သလို လှမ်းကြည့်သည်။ “ဘာမှ မဟုတ်ပါဘူး၊ ဆက်ပြောပါ”
-57.067
52
343.53
348.41
4.88
moe
female
လူဇင်က ပခုံးတွန့်ပြီး စကားဆက်သည်။ “ကိုရင့် မေမေ စာရေးတော့ သူတို့သားအမိနဲ့ အတူ
-44.2575
53
349.69
355.99
6.3
moe
female
ကျုပ် အနားမှာ ရှိနေတယ်။ ဒီရောက်တော့ ကိုရင်နဲ့တွေ့ဖို့ တမင် ရက်ဆိုင်းနေလိုက်တယ်။ စာရောက်တာ
-51.0537
54
355.93
362.07
6.14
moe
female
သေချာအောင်နဲ့ ကိစ္စအားလုံး ကျေညက်တဲ့ အချိန်ကို စောင့်နေတာပါ။ ခုတော့... မမျှော်လင့်တဲ့...” “သိပြီ၊
-55.5142
55
362.01
369.69
7.68
moe
female
သိပြီ” ရပ်စ်ကိုလ်နီကော့ဗ်က စိတ်အနှောင့်အယှက် ဖြစ်သွားပုံ၊ စိတ်မရှည်ပုံဖြင့် ဖြတ် ပြောလိုက်သည်။ “သိပြီ…
-69.6047
56
369.63
375.89
6.26
moe
female
ခင်ဗျားက သတို့သားပေါ့၊ ဟုတ်လား၊ တော်ပြီ” လူဇင် စိတ်ပျက်သွားသည်။ ဘာဆက်ပြောရမှန်းမသိ
-60.2832
57
376.25
383.01
6.76
moe
female
ဖြစ်သွားသည်။ ဘာ အဓိပ္ပာယ်ပါလိမ့်ဟု သူ စဉ်းစားသည်။ တမိနစ်ခန့် တိတ်သွားသည်။
-55.8421
58
382.95
389.83
6.88
moe
female
ရပ်စ်ကိုလ်နီကော့ဗ်က သူ့ကို တည့်တည့်ကြည့်ပြီး သေသေချာချာ အကဲခတ်သည်။ ခေါင်းအုံးကို လက်နှင့် ထောက်ပြီး ကိုယ်အပေါ်ပိုင်း
-69.3917
59
389.77
396.91
7.14
moe
female
ကြွလိုက်သည်။ လူကတော့ လူရည်သန့်တယောက်ပဲ။ သတို့သား ဟူသည့် အသုံးအနှုန်းကို အမှတ်မထင်
-65.9371
60
396.85
403.19
6.34
moe
female
သုံးလိုက်မိသည်။ သတို့သမီးကို စောင့်ရင်း ပီတာစဘတ်တွင် အချိန်ယူပြီးမှ မိမိအား လာတွေ့ခြင်းမှာ
-68.8913
61
403.13
409.55
6.42
moe
female
အပြစ်ဆိုစရာ မရှိပါ။ သူဟာ သတို့သားတယောက် ဖြစ်ထိုက်တဲ့ ဥပဓိရုပ်ပိုင်ရှင်ပဲ။ အဝတ်
-56.9054
62
409.49
415.61
6.12
moe
female
အစားတွေက အသစ်စက်စက်တွေ။ သတို့သားနှင့်တူအောင် တမင် ရွေးဝတ်လာခြင်း ဖြစ် မည်။ ပန်းနုရောင်လက်အိတ်က
-56.6152
63
415.59
422.39
6.8
moe
female
အသစ်ကျပ်ချွတ်။ အားလုံး အရောင်နုနုကလေးတွေ ဝတ်ပြီး သူ့ကိုယ်သူ နုပျိုအောင် လုပ်လာမှန်း သိသာလှသည်။
-49.5183
64
422.33
429.17
6.84
moe
female
မျက်နှာမှာ နုပျိုလန်းဆန်းပြီး လေးဆယ့်ငါး နှစ် အရွယ်ဟု မထင်ရ။ မေးစေ့မှာ ပြောင်ရှင်းနေပြီး နှုတ်ခမ်းမွေးက
-56.5754
65
429.11
435.95
6.84
moe
female
သေသေသပ်သပ်။ ဆံပင်ကိုလည်း သေသေချာချာ ဆိုင်မှာ ပြင်လာပုံ ရသည်။ သည်လို ဥပဓိရုပ်
-56.9694
66
435.89
442.29
6.4
moe
female
ဖြူစင်ပါလျက် သူ၏ ညစ်နွမ်းသော စိတ်သန္တာန်က ပေါ်လွင်နေသည်။ ရပ်စ်ကိုလ်နီကော့ဗ်က သူ့ကို
-63.4728
67
442.23
448.57
6.34
moe
female
သေသေချာချာ လေ့လာပြီးမှ နာကြည်းခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းအုံးပေါ် ပြန်လှန်ချလိုက်သည်။ ပြီးတော့
-80.7819
68
448.51
455.25
6.74
moe
female
မျက်နှာကြက်ကို ထပ်မော့ကြည့် နေပြန်သည်။ မစ္စတာလူဇင်က သူ့ကိုယ်သူ ပြန်စစ်ဆေးပြီး
-71.217
69
455.19
461.35
6.16
moe
female
သည်အခန်းထဲမှ ထူးထူးဆန်းဆန်း အခြေအနေ အားလုံးကို ခဏ မေ့ထားဖို့ ဆုံးဖြတ်လိုက်သည်။ “ကိုရင့်ကို
-62.1926
70
461.29
469.09
7.8
moe
female
ဒီအခြေအနေမျိုးနဲ့ တွေ့ရတာ ကျုပ် စိတ်မကောင်းပါဘူး’ တိတ်ဆိတ်သွားသည့် အခန်းထဲတွင် သူ
-56.649
71
469.03
475.23
6.2
moe
female
စကား ပြန်စဖို့ ကြိုးစားသည်။ “နေမကောင်းမှန်း သိရင် ကျုပ် နောက်မှ လာပါတယ်။ ဒါပေမဲ့
-46.1197
72
475.37
481.57
6.2
moe
female
အခြေအနေ ဆိုတာ မမျှော်လင့်တာတွေ ဖြစ်တတ်တယ်လေ။ ရှေ့နေတယောက်အနေနဲ့ ကျုပ်က အလုပ် တော်တော်များတယ်ဗျ။
-55.3907
73
481.51
487.95
6.44
moe
female
တရားလွှတ်တော်မှာ သိပ်အရေးကြီးတဲ့ အမှုတခု တင်ထားတယ်။ ဘာမှု ဆိုတာတော့ မပြောတော့ပါဘူး။ ကိုရင်တို့
-63.8106
74
488.37
494.59
6.22
moe
female
ကြားမှာပါ။ ကျုပ်က ကိုရင့်ရဲ့ အမျိုးတွေ.. အဲ... မယ်တော်ကြီးနဲ့ ညီမတော်ကိုပေါ့။ သူတို့ကို
-50.8889
75
494.53
500.73
6.2
moe
female
မျှော်နေတာဗျ။ သူတို့ ရောက်ချိန် တန်ပြီ’’ ရပ်စ်ကိုလ်နီကော့ဗ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
-63.9645
76
500.67
507.55
6.88
moe
female
တခုခု ပြောချင်နေသည်။ သူ့မျက်နှာတွင် မကျေနပ်မှုတွေ အထင်းသား ပေါ်နေသည်။ လူဇင်က သူ တခုခု
-58.3671
77
507.49
513.89
6.4
moe
female
ပြောမလား စောင့်နေသေးသည်။ ဘာမှ မပြောသဖြင့် စကားဆက်သည်။ “လောလောဆယ် သူတို့
-66.5365
78
513.93
520.29
6.36
moe
female
နေဖို့အတွက် အခန်း တခန်း ရှာထားတယ်။ လောလော ဆယ် တည်းဖို့ပါ” “ဘယ်မှာလဲ”
-42.3232
79
520.23
525.59
5.36
moe
female
ရပ်စ်ကိုလ်နီကော့ဗ် ခပ်တိုးတိုး မေးလိုက်သည်။ “ဒီနေရာနဲ့ သိပ်မဝေးပါဘူး။ ဘာကာလိဗ်ရဲ့ အိမ်လေ’ ရာဇူမီခင်က
-57.553
80
526.65
535.05
8.4
moe
female
ဝင်ပြောသည်။ “မိုနက်ဆန်စကီ လမ်းပေါ်မှာကွာ၊ နှစ်ထပ်အိမ်။ ပရိဘောဂတွေ ပါတယ်။ ကုန်သည် ကြီး ယူရှင့်ကို
-58.1294
81
534.99
541.55
6.56
moe
female
အပ်ထားတယ်၊ ငါ ရောက်ဖူးပါတယ်" “ဟုတ်ပါတယ်၊ ပရိဘောဂ အပြည့်အစုံ …”
-46.2976
82
541.49
546.19
4.7
moe
female
ရပ်စ်ကိုလ်နီကော့ဗ်က ဖြတ်ပြီး- "အလကားနေရာ၊ ငါလည်း ရောက်ဖူးတယ်။ စုတ်ပြတ် ညစ်ပတ်နေတာပဲ။
-56.0144
83
547.03
553.35
6.32
moe
female
ပြီးတော့ လူကောင်း သူကောင်းတွေ နေတဲ့ နေရာမျိုး မဟုတ်ဘူး၊ အပေါစား အခန်းမျိုးပါ” "အဲ… ကျုပ်က
-37.459
84
553.35
560.15
6.8
moe
female
ဒီမှာ လူသစ် ဆိုတော့ သိပ်မကျွမ်းပါဘူး။ အခန်းလေး နှစ်ခန်းက တော့ သန့်ပါတယ်။ နေမှာကလည်း ခဏလေး ဆိုတော့
-44.7254
85
560.09
566.83
6.74
moe
female
ရရာ ယူလိုက်တာပါ။ နောင် အတည် တကျနေမယ့် အခန်းလည်း ယူထားပြီးပါပြီ။ ခု ပြင်နေပါတယ်။ ခုလောလောဆယ်မှာတော့
-59.3235
86
566.77
573.65
6.88
moe
female
ကျုပ်လည်း အခန်းကျဉ်းကျဉ်းကလေးကိုပဲ ငှားနေပါတယ်။ လူငယ် သူငယ်ချင်းတယောက် ရဲ့ အိမ်ပါ။ သူ့နာမည်က
-57.691
87
573.59
580.39
6.8
moe
female
အင်ဒရေးဆေမွန်နစ်ချ်လီဗက်ဇီယာနီကော့ဗ်။ သူ ညွှန်းလို့ ဘာကာလိဗ်ရဲ့ အိမ်ကို ကျုပ် ရောက်သွားတာပါ”
-56.3734
88
580.35
588.29
7.94
moe
female
“လီဗက်ဇီယာနီကောဗဲ့၊ ဟုတ်လား” ရာဇူမီခင်က မျက်မှောင်ကုတ်ပြီး မေးသည်။
-65.2125
89
588.25
592.93
4.68
moe
female
“ဟုတ်တယ်။ ဝန်ကြီးဌာနမှာ စာရေးကြီးပေါ့။ ခင်ဗျား သူ့ကို သိလို့လား” “သိတယ်၊
-44.6334
90
594.23
599.53
5.3
moe
female
အဲ ...မသိပါဘူး” “အဲ… ကျုပ်ကို ခွင့်ပြုပါ၊ ခင်ဗျား သူ့ကို သိမယ့်ပုံပါ။ တချိန်တုန်းက
-38.5516
91
599.97
606.27
6.3
moe
female
ကျုပ်က သူ့ကို စောင့်ရှောက်ခဲ့ဖူးတယ်။ လူတော်လေးပါ။ ခုထိ တော်တုန်းပါပဲ။ ကျုပ်က လူငယ်တွေနဲ့ တွေ့ချင်တယ်။
-54.0601
92
606.29
613.23
6.94
moe
female
သူတို့ဆီက အတွေးသစ်တွေ၊ အမြင်သစ်တွေ ရတတ်တယ်” လူဇင်က သူ့အား ထောက်ခံမည့် သူကို
-46.8059
93
613.17
619.53
6.36
moe
female
ဝေ့ကြည့်လိုက်သည်။ “ခင်ဗျား ပြောချင်တဲ့ အဓိပ္ပာယ်က …” ရာဇူမီခင်က ကောက်မေးလိုက်ခြင်း ဖြစ်သည်။
-69.7967
94
619.47
627.35
7.88
moe
female
“အင်း... ပြောရမယ် ဆိုရင်တော့ အတော် အလေးအနက် ပြောရလိမ့်မယ်ဗျ” လူဇင်က
-49.3907
95
627.65
633.97
6.32
moe
female
အကြောင်းအရာကို စပြီး မေးခွန်းတက်အလာကိုစောင့်နေသည်။ ဘယ်သူမှ မစတော့မှ သူ စကားဆက်သည်။
-70.5067
96
633.91
641.27
7.36
moe
female
“ကျုပ် ပီတာစဘတ်ကို မရောက်တာ ဆယ်နှစ် ရှိပြီ။ ကျုပ်တို့ရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေ၊ အတွေးအမြင်သစ်တွေ၊ ကျုပ်တို့
-49.9497
97
641.21
647.41
6.2
moe
female
နယ်မြို့တွေ ရောက်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ထဲထဲဝင်ဝင် သိဖို့ပီတာစဘတ်ကို လာဖို့လိုတယ်ဗျ။
-69.2207
98
647.35
653.55
6.2
moe
female
မြို့နေ လူငယ်တွေဆီက ကျုပ်တို့လေ့လာ ရမယ်။ ကျုပ် ဝန်ခံပါတယ်။ တကယ် သဘောကျပါတယ်" “ဘာကို
-55.0578
99
653.99
661.45
7.46
moe
female
End of preview. Expand in Data Studio

No dataset card yet

Downloads last month
10